မာတိကာသို့ ခုန်သွားရန်

ဂလူးတန်

ဝီကီပီးဒီးယား မှ
ကော်(ကစီဓာတ်)ဖြင့် ပြုလုပ်ထားသော စားသောက်ကုန်များ ကိုကြည့်ရန် Wheat gluten (food).
Sources of gluten. Top: High-gluten wheat flour. Right: European spelt. Bottom: Barley. Left: Rolled rye flakes.

ဂလူးတန့်(ကော်၊ကစီဓာတ်)  သည် လက်တင် "ဂလူးတန်" မှ " ဂလူး" ဖြစ်လာပြီး ဘာလီ၊ဂျုံ၊အမျိုးမျိုးသော အစေ့အဆန်၊ရိုင်းလ်စပါး၊စပါးနှင့်ပြောင်း မျိုးစိတ်များ မှထုတ်ယူထားသော ပရိုတင်းဓာတ် အစုအပေါင်းဖြစ်သည်။

ဂျုံညက်သား ဖြစ်သောကြောင့် ဆွဲနိုင်ဆန့်နိုင်ပြီး နဂိုမူလအတိုင်း ပြန်လုပ်နိုင်သည်၊ တခါတရံ ဝါးစရာထုတ်ကုန်အဖြစ် ထုတ်နိုင်သည်။ ဂလူးတန်သည် ဂလိုင်ဒင် နှင့် ဂလူးတန်လင် တစ်ခုစီပေါင်းစပ်ထားခြင်း ဖြစ်ပြီး အမျိုးမျိုးသော မြက်မျိုးနွယ် အစေ့အဆန်များရှိ ကစီဓာတ်နှင့် အန်ဒိုစပန် တွင်ပေါင်းစပ်ပါဝင်သည်။

ဂျုံစေ့မှ ပရိုလမင် နှင့် ဂလူးတန်လင်( ဂလိုင်ဒင်)သည် အရက်တွင် ပျော်ဝင်နိုင်ပြီး ဂလူတန်နင်သည် အက်ဆစ်ပျော့ သို့မဟုတ် အယ်ကာလီတွင်သာ ပျော်ဝင်ပြီး ပရိုတင်းဓာတ် ၈ဝရာခိုင်နူန်းစီ ပါဝင်ဖွဲ့စည်းထားသည်။ ရေတွင် မပျော်ဝင်နိုင်သော်လည်း ၎င်းနှင့်ဆက်နွယ်နေသော ကစီဓာတ်အချို့ကို ရေဖြင့်ဆေးကြောသန့်စင်နိုင်သည်။

လက်ရှိတွင်  ဂလူးတန်လင်သည် ပရိုတင်း အသားဓာတ် အရင်းအမြစ်ဖြစ်ပြီး စားသောက်ကုန်နှင့် အခြားသောရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုသည်။