မာတိကာသို့ ခုန်သွားရန်

ထွန်စက်

ဝီကီပီးဒီးယား မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ခေတ်သစ် ဥရောပ လယ်ထွန်စက်
Ebro လယ်ထွန်စက်
ဥရောပ မှ ရှေးကျသော ထွန်စက်မော်ဒယ်လ်။ ဤသို့သော ထွန်စက်များသည် အရှေ့ဥရောပတွင် ယနေ့တိုင် အများအပြားတွေ့ရဆဲဖြစ်သည်။

ထွန်စက် ဆိုသည်မှာ နောက်တွဲယာဉ်ကို ဆွဲယူရန်၊ စိုက်ပျိုးမွေးမြူရေး နှင့် ဆောက်လုပ်ရေးလုပ်ငန်းတို့တွင် အသုံးပြုရန်အတွက် ကြီးမားသော ဆွဲယူအား (tractive effort) ကို နှေးကွေးသော အရှိန်များ၌ ပေးနိုင်ရန် ပုံစံထုတ်ထားသော ယာဉ်ဖြစ်သည်။ အများအားဖြင့် ထွန်စက်ဆိုသော အသုံးအနှုန်းသည် လယ်ယာမြေတွင် သုံးသော ယာဉ်တစ်မျိုးကို ရည်ညွှန်းခေါ်ဆိုကြပြီး လယ်ယာစိုက်ပျိုးရေးနှင့် သက်ဆိုင်သော စက်ပစ္စည်းကိရိယာများကို နောက်မှဆွဲခြင်း သို့ ယာဉ်ပေါ်တွင် တပ်ဆင်ခြင်းဖြင့် အသုံးပြုကြသည်။ အကယ်၍ အတူတကွသုံးစွဲသော ကိရိယာမှာ စက်ပစ္စည်းတစ်မျိုးဖြစ်ပါက ထွန်စက်မှနေ၍ စွမ်းအင်ပေးနိုင်သည်။ အင်္ဂလိပ်စာလုံး tractor ကို နောက်တွဲပါကုန်ကားများ၏ စွမ်းအင်ပေးသော အစိတ်အပိုင်းအတွက်လည်း အသုံးပြုကြသည်။

အင်္ဂလိပ်စာလုံး tractor သည် လက်တင်ဘာသာစကားမှ ဆင်းသက်လာပြီး trahere (ဆွဲရန်) ဆိုသော စကားလုံး၏ နာမ်စားဖြစ်သည်။ ပထမဆုံးတွေ့ရှိရသည့် အသုံးအနှုန်းကို ၁၉၀၁ ခုနှစ်တွင် တွေ့ရှိရပြီး "ကုန်တင်တွဲများကို ဆွဲရန် နှင့် လယ်ထွန်ရန် အင်ဂျင် သို့မဟုတ် ယာဉ်" ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အစောပိုင်းအသုံးနှုန်းမှာ ဆွဲအားရှိအင်ဂျင်ဖြစ်သည်။

ပထမဆုံးထွန်စက်မှာ ရေနွေးငွေ့သုံး ထွန်ယက်သည့် အင်ဂျင်ဖြစ်သည်။ ထိုအင်ဂျင်များကို လယ်ကွက်၏ တစ်ဖက်တစ်ချက်စီ၌ တပ်ဆင်ကြပြီး ထွန်သွားကို ထိုအင်ဂျင်နှစ်ခုကြား၌ ဝိုင်ယာကေဘယ်လ် ကို သုံး၍ အရှေ့အနောက်ရွေ့လျားစေသည်။