မာတိကာသို့ ခုန်သွားရန်

ဌေးကြွယ်

ဝီကီပီးဒီးယား မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ဒေါက်တာဌေးကြွယ်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၁၆ – ၂ မေ ၂၀၂၀
မဲဆန္ဒနယ်ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် ၁[၁]
အနိုင်ရမဲ အရေအတွက်၂၇,၀၃၀ မဲ[၂]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1951-07-07)၇ ဇူလိုင်၊ ၁၉၅၁
ဒါးပိန်၊ လှည်းကူးမြို့နယ်ရန်ကုန်တိုင်း
ကွယ်လွန်မေ ၂၊ ၂၀၂၀(2020-05-02) (အသက် ၆၈)
ရန်ကုန်မြို့
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိဘဦးအံ့ကြွယ်၊ ဒေါ်တင်လှိုင်

ဒေါက်တာဌေးကြွယ် (၇ ဇူလိုင် ၁၉၅၁–၂ မေ ၂၀၂၀) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၃]

အစောပိုင်းဘဝနှင့် ပညာရေး

ဒေါက်တာဌေးကြွယ်ကို ၁၉၅၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် လှည်းကူးမြို့နယ်၊ ဒါးပိန်၌ မွေးဖွားခဲ့သည်။ သူသည် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ဆေးပညာဘွဲ့ ရရှိခဲ့သည်။

နိုင်ငံရေး လုပ်ဆောင်ခြင်း

သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တစ်ဦး ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။[၁]

ဘဝနိဂုံး

ဒေါက်တာဌေးကြွယ်သည် ကင်ဆာရောဂါဖြင့် ၂၀၂၀ ပြည့်နှစ် မေလ ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။[၄]

ကိုးကား

  1. ၁.၀ ၁.၁ Pyidaungsu Hluttaw (in my)။ Amyotha Hluttaw။ 21 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. Elections Result-Global New Light Of Myanmar
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 15 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 March 2020 တွင် ပြန်စစ်ပြီး။
  4. ဉာဏ်လင်းထွန်း (၂ မေ ၂၀၂၀)။ NLD ပါတီဝင် အမျိုသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဌေးကြွယ် ကင်ဆာရောဂါဖြင့် ကွယ်လွန်။ ၂ မေ၂၀၂၀ တွင် ပြန်စစ်ပြီး။